Sign In
New User? Sign Up
burmatodayisnowbecamemyanmartoday · myanmar today
? Already a member? Sign in to Yahoo!

Yahoo! Groups Tips

Did you know...
You can set the sort order of messages? Just click on the link in the date column. Your preferences will be remembered, so you don't have to do it again when you return.

Messages

  Messages Help
Advanced
Political Criticism in Good Faith on NCUB by 1990 voters   Message List  
Reply | Forward Message #856 of 874 |
http://www.burmadigest.info/emailheader.jpg
=========================================

Political Criticism in Good Faith on NCUB

(http://burmadigest.info/2009/01/15/political-criticism-in-good-faith-on-ncub-burmese/)

(Please read the following in Zaw Gyi font, or click the link above)

NCUB  နိုင်ငံရေး

Credential Challenge (CC) လုပ်ရပ်

ဦးမောင်မောင်ဟာ NCUB ခေါင်းဆောင်များကို အပိုင်ကိုင်ထားပြီးဖြစ်လို့ (CC) လုပ်ငန်းအပေါ် သေချာတွက်ထားပြီးပုံရတယ်။ ဒါပေမဲ့ (CC) လုပ်ငန်းအပေါ် တွက်ထားချက်ဟာ ရတနာဂက်စ် ပိုက်လိုင်းလို မဟုတ်တော့ဘူး၊ တက်တက်စင်လွဲသွားတာဖြစ်တယ်။

ပထမဦးစွာ ဦးမောင်မောင်က NCGUB ဝန်ကြီးချုပ်ဦးစိန်ဝင်းနဲ့ လူချင်းတွေ့ပြီး CC ကိစ္စ ရှေ့ဆောင် လုပ်နိုင် မလုပ်နိုင် ညှိနှိုင်းခဲ့ရာ ဦးစိန်ဝင်းက CC လုပ်ငန်းဟာ အကျိုးထက်ထိခိုက်မှုဆုံးရှုံးမှုပိုမယ်၊ ဒါကြောင့် NCGUB အနေနဲ့ ရှေ့ဆောင်မလုပ်နိုင်ကြောင်း၊ ဒါပေမဲ့ ဘယ်အဖွဲ့ပဲလုပ်လုပ် ကန့်ကွက်စရာမရှိဘူး ပြန်ပြောတယ်လို့ ကြားသိရတယ်။ ဦးမောင်မောင်အနေဖြင့် အဲ့ဒီလောက်နဲ့ အားမရသေးဘဲ ဦးစိန်ဝင်းက CC လုပ်ငန်းကိစ္စ လုပ်နိုင် မလုပ်နိုင်  NCUB ဥက္ကဌကို လက်မှတ် ရေးထိုးစေပြီး တရားဝင်စာထပ်ပေးပြီး မေးသေးတယ်လို့ ကြားရတယ်။ ဦးစိန်ဝင်းကလည်း CC လုပ်ငန်းဟာ အကျိုးမရှိတဲ့အပြင် ထိခိုက်ဆုံးရှုံးမှုများမယ်၊ မလုပ်နိုင်ကြောင်း၊ သို့သော် မည်သည့်အဖွဲ့အစည်းလုပ်လုပ် မိမိတို့အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း တရားဝင် စာပြန် လိုက်တယ်လို့ ကြားသိရတယ်။

ဦးမောင်မောင်က CC လုပ်ငန်းကိစ္စကို ကမ္ဘာ့ဥပဒေပညာရှင် တဒါဇင်နီးပါးနဲ့ ညှိထားပြီး သေချာပေါက် အောင်မြင်မယ်လို့ ကြိမ်းဝါးထားတယ်၊ NCUB ခေါင်းဆောင်များလည်း ငါတို့ အထွေထွေ အတွင်းရေးမှူးဟာ ဘယ်သူမှ ထည့်မစဉ်းစားမိတဲ့ မဟာလုပ်ငန်းကြီး လုပ်လိုက်တာ၊ အထူးဂုဏ်ယူစွာဖြင့် NCUB တပ်ပေါင်းစုကြီးကနေပြီး နအဖစစ်အစိုးရကို ကုလသမဂ္ဂ ကုလားထိုင်ပေါ်က CC လုပ်ငန်းနဲ့ကန်ချတော့မယ်၊ ထောက်ခံကြ ဟူ၍ထုတ်ပြန်လိုက်တယ်။

ဒါပေမဲ့ NCUB ရဲ့လျှောက်လွှာဟာ ကုလသမဂ္ဂရုံးတံခါးတောင်မှ မဖွင့်နိုင်ပါဘူး။

ကမ္ဘာ့ရှေ့နေများမှာလည်း ရှေ့နေပီပီ အရှုံးမရှိ အစားပဲရှိတယ်ဆိုတာကို တွေ့ရတော့တယ်။ NCUB ကိုယ်တိုင် CC လုပ်ငန်း ရှေ့ဆောင်လုပ်ပေမဲ့ CC လုပ်ငန်းအတွက်ဘဏ္ဍာငွေ ဘယ်လောက်ရတယ် သိကြမှာမဟုတ်ဘူး။ ကမ္ဘာ့ရှေ့နေ ဒါဇင်နီးပါးဌါးခ၊ ထိုင်းမှ USA ခရီးသွားပြန်စရိတ်များ၊ နိုင်ငံ တကာသို့ခရီးစဉ်များ၊ USA အတွင်း ခေါက်တုံ့ခေါက်ပြန်ခရီးသွားလာစရိတ်များ၊ အုပ်စုလိုက် နယူးယောက်မှာ နေထိုင်စရိတ်များ၊ ဒါလောက်ပဲ ခန့်မှန်းတွက်ကြည့်ဦး။ ဒေါ်လာသိန်းနဲ့ချီ ကုန်ပြီ။ ဘဏ္ဍာငွေပေးသူမရှိရင် ဘာနဲ့ သုံးစွဲသလဲ။ ဘယ်သူမှဖြေနိုင်မှာမဟုတ်ဘူး။ ဘယ်လောက်ရသလဲ၊ ဘယ်လောက်သုံးပြီလဲ၊ ဘယ်လောက်ကျန်သေးသလဲ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများကို ပွင့်လင်းစွာ အမှန်အတိုင်း   အသိပေးချပြဖို့ လိုအပ်နေပါပြီလို့ပဲ တောင်းဆိုချင်တယ်။  

အဲ့ဒီလို NCUB က CC လုပ်ငန်း တင်လို့မရတာကို ၊ NCUB တင်လို့မရဘူး ဒါပေမဲ့ ခင်ဗျားတို့ MPU ဆိုတာ ပြည်သူ့လွှတ်တော်အဖွဲ့ပဲ၊ ခင်ဗျားတို့တင်လိုက်ရင် အောင်မြင်မှာ သေချာတယ်၊ ဒါဆိုရင် NCGUB ဦးစိန်ဝင်းတို့ မြောင်းပုပ်ထဲမှာကျသွားပြီ၊ MPU မှာကျော်ကြားလာမယ့်အပြင် ခင်ဗျားတို့ MPU အဖွဲ့ကပဲ အစိုးရဖြစ်သင့်ကြောင်း တခဲနက်ထောက်ခံသွားမယ်လို့ မက်လုံးကောင်းကောင်း ပေးလိုက်တော့ MPU ဒုဥက္ကဌ ဒေါ်စန်းစန်းဟာ အောင်မြင်မှုလမ်း ဒီထက်ကောင်းတာ မရှိဘူးဆိုပြီး CC လုပ်ငန်းကိစ္စ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်တယ်။ ဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးသိန်းဦး ကိုလည်း သံအမတ်အဖြစ် ခန့်လိုက်တယ်။ ဒါပေမဲ့ ဒီလျှောက်လွှာလည်း CC ကော်မတီထံ မရောက်ပြန်လေတော့ ဦးသိန်းဦးမှာလည်း တမိနစ်တောင်မှ သံအမတ်ရာထူး မခံစားလိုက်ရပါဘူး။

ဒါပြင် MPU ညီလာခံကို USA မှာလုပ်ပါ၊ ကုန်ကျစရိတ် အားလုံး ဦးမောင်မောင် တာဝန်ယူမယ်ပြောလိုက်တော့ ဦးသိန်းဦး၊ ဒေါ်စန်းစန်းတို့က MPU ညီလာခံကို USA မှာလုပ်ဖို့ နိုင်ငံတကာသို့ ရောက်ရှိနေတဲ့ MP များကို ကသောမျောပါးဆော်သြလိုက်ပြန်တယ်။ နောက်ပြီး ဦးမောင်မောင်၊ ဦးသိန်းဦး၊ ဒေါ်စန်းစန်းတို့အပြင် ခေါင်းဆောင်အချို့သည်ပင်လျှင် CC လုပ်ငန်းဟာ ၂ဝ၁ဝ ခု တိုက်ပွဲဝင်အစိုးရလုပ်ငန်း ဖြစ်တယ်၊ CC လုပ်ငန်းဟာ အမျိုးသားရေး တာဝန် တရပ်ဖြစ်တယ်၊ ဒါကြောင့် CC လုပ်ငန်းနဲ့တိုက်ရမယ်၊ တိုက်ပွဲ ဆိုတာ အနိုင်အရှုံးရှိမှာပဲ၊ နိုင်နိုင်ရှုံးရှုံး တိုက်ရဲရမယ်၊ CC လုပ်ငန်းမတိုက်တဲ့အစိုးရအဖွဲ့ကို ဖြုတ်ချပြီး CC လုပ်ငန်း တိုက်တဲ့ အစိုးရအဖွဲ့ကို တင်ရမယ်ဆိုပြီး နေရာတကာမှာလိုက်ဟောပြောတယ် ဆိုတာလည်း အားလုံးသိ ကြပြီးသားပါ။ ဒီလုပ်ရပ်ဟာ MPU, NCGUB, MP များကို သပ်လျှိုဖြိုခွဲသလိုဖြစ်စေတယ်။ တကယ်ပဲ CC လုပ်ငန်းဟာ နအဖကိုဖြုတ်ချနိုင်ရင် ဦးစိန်ဝင်းမှအစ MP များအားလုံး နအဖပြုတ်ကျမှာကို စိုးရိမ်တဲ့သူ တဦးမှ မရှိဘူးဆိုတာကို လူတိုင်းယုံကြည်ပြီးသားပါ။

ဒါပေမဲ့ CC လုပ်ငန်းရဲ့ နောက်ကွယ်မှာ အကြောင်းနှစ်ချက်ရှိတယ်။ ပထမအချက်က CC လုပ်ငန်း နိုင်နိုင်ရှုံးရှုံးတိုက်ရဲရမယ်၊ တိုက်ပွဲဆိုတာအနိုင်အရှုံးရှိရမှာပဲလို့ ထုတ်ဖေါ်လိုက်တဲ့ အချက်ဟာ CC လုပ်ငန်းမတင်ဖြစ်ရင် ငွေစာရင်းကို ဘယ်လိုမှ စာရင်းချုပ်လို့မရနိုင်ဘူး။ နောက်တချက်က ဦးစိန်ဝင်းက CC လုပ်ငန်းဟာ အကျိုးထက် ထိခိုက် နစ်နာမှုများမယ်၊ ရှေ့ဆောင်ပြီး လက်မှတ် မထိုးနိုင်ဘူးလို့ ထုတ်ဖော်ထားပြီးဖြစ်တော၊့ ဦးစိန်ဝင်းဆီက ဝန်ကြီးချုပ်ရာထူး လုယူမယ့်သူက CC လုပ်ငန်းနေရာ လက်မလွှတ်ချင်ဘူးဆိုတဲ့ အချက်ပဲဖြစ်တယ်။ MPU အကွဲအပြဲ၊ NCGUB အကွဲအပြဲ၊ MP များ အကွဲအပြဲမှ တော်လှန်ရေးတခုလုံးပါ ရိုက်ခတ်လာပြီး နအဖ စိတ်ကြိုက်ဖြစ်သွားမှာ မလွဲပါ။ ...

click here to read more


-

၁၉၉ဝ ခု ပါတီစုံရွေးကောက်ပွဲ မဲဆန္ဒရှင်တစု

Post your comment s on

http://burmadigest.info/2009/01/15/political-criticism-in-good-faith-on-ncub-burmese/

= = = = = = =

*** Read latest English & Burmese articles, photo & video documentaries, cartoon & poems on http://burmadigest.info/






Fri Jan 16, 2009 10:50 am

burmadigest
Offline Offline
Send Email Send Email

Forward
Message #856 of 874 |
Expand Messages Author Sort by Date

[image: http://www.burmadigest.info/emailheader.jpg] *=========================================** * ...
burmadigest
Offline Send Email
Jan 16, 2009
10:50 am
Advanced

Copyright 2009 Yahoo! UK. All rights reserved.
Privacy Policy - Terms of Service - Guidelines - Help