Sign In
New User? Sign Up
burmatodayisnowbecamemyanmartoday · myanmar today
? Already a member? Sign in to Yahoo!

Yahoo! Groups Tips

Did you know...
You can search the group for older messages.

Messages

  Messages Help
Advanced
Good-faith criticism on National Unity Government NUG   Message List  
Reply | Forward Message #859 of 874 |
http://www.burmadigest.info/emailheader.jpg
=========================================

Good-faith criticism on National Unity Government

(http://burmadigest.info/2009/01/20/good-faith-criticism-on-national-unity-government-burmese/)

(Please read the following in Zaw Gyi font, or click the link above)

NUG နောက်ကွယ်က အကြောင်းတရားတွေ

 

 

MPU က ၂၀၀၈ ဖေဖော်ဝါရီ ညီလာခံမှာ NCGUB အစိုးရကို တိုးချဲ့မယ်၊ ၂၀၀၈ နှစ်ကုန် ၂၀၀၉ နှစ်ဆန်းမှာ လက်တွေ့တိုးချဲ့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါဖြင့်ရင် ဘာကြောင့် NUG ဂိုဏ်းက ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်၊ YouTube အင်တာဗျူးတွေလွှင့် လုပ်ရတာလဲ။ အဖြေကတော့ ပြည်ပနိုင်ငံရေးတခုလုံးကို လက်ဝါးကြီးအုပ်ပြီး သူ့ခြေသူ့လက်လုပ်ချင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် နအဖလိုပဲ ၁၉၉၀ mandate  ပစ်ပယ်ရေး ပြောလာတာ ဖြစ်ပါတယ်။

NCUB ထဲမှာ NUG ကိစ္စလို အထူးအရေးကြီးပေါ်လစီကိစ္စကြီးဟာ ညီလာခံလိုမျိုးကနေ ချမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ NCUB သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ တခုလုံးမျက်နှာစုံညီစည်းဝေးပြီး ဆုံးဖြတ်ထားတာတောင် မရှိဘူးလို့လည်း သိလာရပါတယ်။

ပြည်တွင်းမှာ လူထုတိုက်ပွဲ အရှိန်အဟုန်ကြီးလာရင် လုပ်ဖို့ ရည်မှန်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆိုတဲ့ ကြွေးကြော်သံကို နားမလည်ဘဲ နိုင်ငံရေးနားမလည်တဲ့ (သို့မဟုတ်) မရိုးမသားစိတ်ရှိတဲ့ ဂိုဏ်းအုပ်စုတခုကနေ ထိုင်းနိုင်ငံထဲမှာ NUG တည်ထောင်ရေး လုပ်ပစ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ဖက်ဒရယ်အစိုးရ ဖွဲ့ဖို့ဆိုပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာအတိုက်အခံတွေရဲ့ လွှတ်တော် ၂ ရပ် စုစုပေါင်း အမတ်ဦးရေ ၁၀၀ လောက်၊ သမတ ဒုသမတ ဝန်ကြီးချုပ် ဒုဝန်ကြီးချုပ် ဝန်ကြီး ဒုဝန်ကြီး စုစုပေါင်းလူ ၅၀ နီးပါး၊ ဝန်ကြီးဌာနတွေကို ကြီးကြပ် ထိန်းချုပ်ဖို့ဆိုတဲ့ ဝန်ကြီးအဆင့် ကော်မရှင်အဖွဲ့ဝင် ၁၀၀ ကျော်ထားဖို့ စဉ်းစားတဲ့လူတွေ ထောက်ခံတဲ့လူတွေရဲ့ ဦးနှောက်ကို စိတ်ကုဆရာဝန်နဲ့ အမြန်ပြဖို့လိုနေပါပြီ။

Populist politics လို့ခေါ်တဲ့ လူပြိန်းကြိုက် အပေါစားနိုင်ငံရေးကို ကျွမ်းကျင်တဲ့ NUG ဂိုဏ်းဟာ  နအဖစစ်အစိုးရကို ကုလသမဂ္ဂပလက် ဖောင်းပေါ်က မောင်းထုတ်ဖို့ဆိုပြီး ပြည်တွင်းပြည်ပလူထုအကြိုက် Credential challenge ၊ တိုင်းရင်းသား အခွင့်အရေး အပြည့်ပေးဖို့ဆိုပြီး တိုင်းရင်းသားအကြိုက် ဖက်ဒရယ်အစိုးရ၊ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျော်လွှားနိုင်အောင် သံတမန်ရေး နိုင်ငံရေး စစ်ရေး  နည်းလမ်းတွေ ကျင့်သုံးတိုက်ပွဲဝင်မယ်ဆိုပြီး  အပြုတ်တိုက်ရေးသမားအကြိုက် NUG အစိုးရ၊ စသဖြင့်  တမျိုး ပြီးတမျိုး မရိုးရအောင် အသံကောင်းဟစ် လူစုခဲ့ပါတယ်။

တိုက်ပွဲဝင်အစိုးရဖွဲ့ဖို့ဆိုတဲ့ ကြေညာချက်ကို ဟိတ်တလုံးဟန်တလုံးနဲ့ထုတ်ပြီးမှ အနောက်နိုင်ငံတွေ ငြိုငြင်မှာစိုးလို့ အမှားပြင်ဆင်ချက်အဖြစ် စစ်ရေးနည်းလမ်းဆိုတဲ့ စကားလုံးကို ပယ်ဖျက်ပြင်ဆင်ပေးရကတည်းက ဒီအစိုးရဟာ ဘာတွေတိုက်ပွဲဝင်ဖို့ ယုံကြည်ရတော့မှာလဲ။

ထောက်ခံစုဝေးမိတဲ့လူတွေထဲမှာတော့ တချို့က သမတအတု၊ ဝန်ကြီးချုပ်အတု၊ ဝန်ကြီးအတု စတဲ့ တကယ်မဟုတ် တဲ့ရာထူးနေရာ အခွင့်အရေးတွေကိုဘဲ အရူးတယောက်လို မျှော်ကိုးပြီးပါတဲ့လူတွေရှိသလို "သက်ဆင်" လုပ်နည်း အတိုင်း ငွေနဲ့ပေါက်အဝယ်ခံရတာတွေ ရှိတာလည်း အခိုင်အမာကြားနေရပါတယ်။ တကယ့်ကို ရိုးရိုးသားသားနဲ့ နအဖကို အထိနာအောင် ထိုးနှက်နိုင်မယ်လို့ ယုံကြည် စိတ်ကူးယဉ်ပြီး ထောက်ခံပါဝင်ကြတာတွေလည်း ရှိပါတယ်။ အဓိက ဦးဆောင်ဦးရွက်ပြုနေသူတွေအကြောင်း မသိတာရယ်၊ နိုင်ငံတကာအနေအထား၊ သံတမန်ရေးလုပ်ထုံး လုပ်နည်းစနစ်တွေကို နားမလည်တာရယ်၊ တော်လှန်ရေးကြီး ရှည်ကြာနေတာကို အားမလိုအားမရစိတ်ဖြစ်တာရယ် တွေကြောင့် နားမလည် ပါးမလည်ထောက်ခံမိတာလည်း ရှိပါတယ်။ ... ... ...

Read more and make comments on http://burmadigest.info/2009/01/20/good-faith-criticism-on-national-unity-government-burmese/

= = = = = = = = = = = = = =




Tue Jan 20, 2009 2:56 pm

burmadigest
Offline Offline
Send Email Send Email

Forward
Message #859 of 874 |
Expand Messages Author Sort by Date

[image: http://www.burmadigest.info/emailheader.jpg] *=========================================** * ...
burmadigest
Offline Send Email
Jan 20, 2009
2:56 pm
Advanced

Copyright 2009 Yahoo! UK. All rights reserved.
Privacy Policy - Terms of Service - Guidelines - Help