
Truth on Credential Challenge vote in MPU Congress
(http://burmadigest.info/2009/01/31/clarification-about-credential-challenge-vote-in-mpu-congress-burmese/)အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့တော်အနီး၊ မာလာဟိုက်တွင် ကျင်းပပြီးစီးခဲ့သည် စတုတ္ထ အကြိမ်မြောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU) ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေး-ငြင်ခုံမှုများ ရှိခဲ့သည် မှန်သော်လည်း ကိုယ်စားလှယ်များအားလုံးက လူကြီးလူကောင်း ဆန်စွာ ပြုမူ-ဆက်ဆံ-ပြောဆိုခဲ့ကြပါသည်။ စစ်အစိုးရ၏ ကုလသမဂ္ဂနေရာ စိန်ခေါ်ရေး (Credential Challenge) ကိစ္စ လုပ်သင့်-မသင့်ကို မဲခွဲဆုံးဖြတ်ပြီးမှသာလျင် အစီအစဉ်အရ ၀န်ကြီးချုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ (Credential Challenge) ကိစ္စအတွက် မဲခွဲစဉ်သည့် အချိန်တွင် မည်သူသည် ၀န်ကြီးချုပ်ဖြစ်လာမည်ကို မည်သူမျှ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ထို့နောက် လှို့ဝှက်မဲဖြင့် ရွေးခံရသည့်ဝန်ကြီးချုပ်မှ ၀န်ကြီးအဖွဲ့စာရင်းကို ရာထားခဲ့ခြင်းသာဖြစ်ခြင်းကြောင့် (Credential Challenge) ကိစ္စအတွက် ၀န်ကြီးနေရာပေး၍ မဲဝယ်-မဲဆွယ်မှုဖြစ်စရာအကြောင်းလုံးဝမရှိပါ။ ၀န်ကြီးချုပ်မှ တင်သွင်းသည့် ၀န်ကြီးများအားလည်း လှို့ဝှက်မဲဖြင့်သာ လုံးလုံးလျားလျားအများစုဆန္ဒမဲ (Absolute majority) ဖြင့် ညီလာခံမှ အတည်ပြုသည်ဖြစ်ခြင်းကြောင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြည့်အ၀ ရွက်ဆောင်ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးသည့် ၀န်ကြီးအဖွဲ့သည် အလှည့်ကျသဘာပတိ ဒေါ်စန်းစန်း၏ ရှေ့မှောက်တွင်ပင် ကတိသစ္စာ ဆိုခဲ့ကြသည်လည်းဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး| ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
... ... ...Read also - Unity Analysis (Burmese) - on http://burmadigest.info/2009/01/31/unity-analysis-burmese/
= = = = = = = = = = = = = =