
A Myanmar's view on Rohingya
(http://burmadigest.info/2009/02/11/my-views-on-rohingya-burmese/)ကျနော့်အမြင်
- မင်းခန့်
အခုတလော မူဆလင်ဘာသာ ကို ပုတ်ခတ်ရေးသားတဲ့စာတွေ အဆဲအဆိုတွေနဲ့ အတူ ပြန်တုန့်ပြန်တဲ့ မူဆလင်ဘာသာဝင် တဦးကလည်း အဆဲအဆိုတွေနဲ့ ပြီးတော့ ကြားကနေ မေတ္တာတရားရှေ့ထားပြီး မယဉ်ကျေးတဲ့ အသုံးနှုန်းတွေ မသုံးဖို့ ပြဿနာ ဖြစ်မဲ့ ကိစ္စတွေ မရေးဖို့ပြောတဲ့ ဗုဒ္ဓဘာသာဝင် တဦးရဲ့စကား၊ နအဖရဲ့ နိုင်ငံရေး လမ်းလွဲပြီး ရန်တိုက်ပေးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်လို့ ပြောတဲ့ သတိပေးစကား တွေကို အင်တာနက်မှာ ဖတ်ရပါတယ်။ ရိုဟင်ဂျာ လို့ပြောတဲ့ လှေစီး ဒုက္ခ သည်တွေ ပြဿနာကလည်း မီဒီယာ လောကမှာ ကျယ်ကျယ်လောင်လောင် တွေဖြစ်နေတဲ့ အချိန်လည်းဖြစ်နေပါတယ်။
ကျနော်အနေနဲ့ကတော့ နိုင်ငံရေးကို စိတ်ဝင်စားသူ တယောက်တော့ ဖြစ်ပြီး အရှိကို အရှိတိုင်းပဲ အမြင်ကို ပြောချင်ပါတယ်၊ ကျနော်ကတော့ ဗုဒ္ဓဘာသာဝင် တဦးပါ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ တဦးထက်စာရင်တော့ သာပါလိမ့်မယ်။ တခြားဘာသာဝင် တွေလဲ မစော်ကားသလို ကိုယ့်ဘာသာကို ပုတ်ခတ်ရင်လည်း အရိယာပုဂ္ဂိုလ် မဟုတ်လေတော့ ဒေါသလည်းဖြစ်တတ်ပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာလည်း တရားဟောတဲ့ အခါမှာကော ဘာသာရေး သင်တန်းတွေမှာကော တခြားဘာသာတွေကို ဝေဖန်ပုတ်ခတ်တာတွေလည်း မရှိပါဘူး၊ ဗုဒ္ဓ၀ါဒမှာ ဘာသာရေးအတွက် စစ်ပွဲတွေ စဉ်နွဲရမယ်လို့လဲ မဟောထားပါဘူး၊ အကြမ်းဖက် ၀ါဒတွေလည်းမရှိပါဘူး။ ဘာသာမတူတဲ့သူတွေကို ရန်သူတွေလို သဘောထားပြီး အမုန်းပွားဖို့လဲ မဟောထားပါဘူး၊ ပင်ကို သဘောကိုက မေတ္တာတရား ကိုယ်ချင်းစာတရားတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေတတ်တဲ့ သသောပါပဲ၊ ကျေးဇူးရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီးကို ကလေးမြို့ရှိ ခရစ်ယန်ဘာသာဝင် ချင်းတိုင်းရင်းသားတွေ ဖိတ်ကြားချက်အရ ဗုဒ္ဓဘာသာ အကြောင်း တရားဟောကြားခဲ့ဘူးပါတယ် စာအုပ်လဲထုတ်ထားပါတယ်၊ ဘာသာတိုင်း အပြိုင်အဆိုင်တွေထက် ဘာသာတိုင်းကောင်းခြင်းတရားတွေကို ဟောထားပြီး ငြိမ်းချမ်းရေးတရားကို အခြေခံ ဟောထားပါတယ်၊ အကျယ်တ၀င့်တော့ မရှင်းပြနိုင်တာကို နားလည်းပေးပါ ၊ သိချင်ရင်တော့ ရှာဖတ်ကြပါ။
မြန်မာပြည်ကလို့ပြောတဲ့ လှေစီးဒုက္ခသည်တွေ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ မြန်မာပြည်က ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူ့အခွင့်ရေးရှုထောင့် ကနေကြည့်ပြီး ကမ္ဘာ့ အသိုင်းဝိုင်းကနေ ၀ိုင်းဝန်းကူညီဖြေရှင်းသင့်ပါတယ်၊
မြန်မာပြည် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဟာ မြန်မာပြည်က ရှမ်းပြည် တပြည်စာလောက်ပဲ ရှိပေမယ့် လူဦးရေကတော့ မြန်မာပြည်ထက် သုံးဆကျော်လောက်ရှိပါတယ်၊ စီးပွားရေးကျပ်တည်းပြီး အထိန်းကွပ်မရှိ လုပ်ချင်သလိုလုပ် မွေးချင်သလိုမွေးနေကြပြီး လူဦးရေ များလွန်းတဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံက အစ္စလာမ် ဘာသာဝင် တွေဟာ မြန်မာပြည်ဖက်ကို ဟိုးအရင်ထဲက တရားမ၀င် ၀င်ရောက်နေထိုင်တာဟာ ဘယ်သူမှ ငြင်းမရဘူးဆိုတာတော့ အားလုံးသိထားပြီးသားပါ၊ နယ်စပ်က လ၀က တွေကလည်း ငွေယူပြီး လူသွင်း၊ မှတ်ပုံတင်တွေတောင် ရောင်းစားနေကြတဲ့ချစားနေကြတဲ့ ၀န်ထမ်းတွေကြောင့်လည်း ပါပါတယ်။ တချို့တွေဆို ဗမာစကား မတောက်တခေါက်နဲ့ သူတို့ကို သူတို့ ရခိုင်လူမျိုးတွေပါလို့ ပြောတဲ့အခါလည်းရှိပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ဒေါသဖြစ်ပြီး ပြဿနာဖြစ်တာလည်း ကြုံဘူးတယ်။ ... ... ... ... ...
Read more on http://burmadigest.info/2009/02/11/my-views-on-rohingya-burmese/
= = = = = = = = = = = = = =